နေ့စဉ်မိုးလေဝသသတင်း ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၈)ရက်နေ့ နံနက် (၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်
မိုးလေ၀သနှင့်ဇလဗေဒ
ညွန်ကြားမှုဦးစီးဌာန၏ ၂၀၁၇
ခုနှစ်၊ စက်တင်ဘာလ (၂၈)ရက်နေ့ နံနက် (၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်
ဘင်္ဂလားပင်လယ်အော်အခြေအနေ။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ
အားကောင်းနေပါသည်။
ယနေ့ညနေထိခန့်မှန်းချက်။
ရှမ်းပြည်နယ်တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊
မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊
ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ပဲခူးတိုင်းဒေသကြီး၊
ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊
နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊
ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍
မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း (၈၀)ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတရံ
မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ် နိုင်ပါသည်။
လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင် (၆)ပေမှ (၁၀)ပေခန့်
ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။
အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများမှ ဆုတ်ခွာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။
နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။
မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။
နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
This
article first appears in မိုးလေ၀သနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန news on Thursday, September 28,
2017 of မိုးလေ၀သနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန Facebook.
We
acknowledged © of မိုးလေ၀သနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန and thus full credit given to မိုးလေ၀သနှင့်ဇလဗေဒ
ညွန်ကြားမှုဦးစီးဌာန.
We are nonprofits volunteers and we only retrieved this news to support
all communities who do not have luxuries Medias and only have a phone in theirs
hands.
Reference
Link: https://www.facebook.com/dmhmoezalanaypyitaw/
Retrieved
Date: Thursday, September 28, 2017
Comments
Post a Comment