နေ့စဉ်မိုးလေဝသသတင်း၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်
နေ့စဉ်မိုးလေဝသသတင်း
မိုးလေ၀သနှင့်ဇလဗေဒ
ညွန်ကြားမှုဦးစီးဌာန၏ ၂၀၁၇
ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်
ဘင်္ဂလားပင်လယ်အော်အခြေအနေ။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအား နည်းနေပါသည်။
ထူးခြားသည့်အခြေအနေ။
ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ် ပင်လယ်ပြင်တွင်
ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ဒေါ့ဆူရီ” (Doksuri)သည် ဗီယက်နမ်နိုင်ငံ၊ ဗင်မြို့၏ အရှေ့တောင်ဘက်
(၁၃၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး၊ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊
ယနေ့ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းရ ပါသည်။
ယနေ့ညနေထိခန့်မှန်းချက်။
နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊
ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်
ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့်
စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင်
နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင်
နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန် ရာနှုန်း (၈၀) ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။
လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်တွင်
(၄)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။
နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်၊ ကယားပြည်နယ်၊
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။
နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။
နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။
နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
Credit:
မိုးလေ၀သနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန
Reference
Link: https://www.facebook.com/dmhmoezalanaypyitaw/
Comments
Post a Comment